ဆရာဝန္ေတြက ေသၿပီသတ္မွတ္ခဲ့ေပမယ့္ သုႆန္အေရာက္မွာ ျပန္လည္ႏုိးထလာခဲ့သူ

အိႏၵိယႏုိင္ငံ၊ Lucknow ၿမိဳ႕မွာ ယာဥ္မေတာ္တဆမႈေၾကာင့္ ေဆး႐ုံတက္ေရာက္ေနရတဲ့ အမ်ိဳးသားတစ္ေယာက္ကို ေဆး႐ုံဆရာဝန္က ေသၿပီဆုိၿပီး ေနအိမ္ကုိ ျပန္သယ္ခုိင္းခဲ့ပါတယ္။ အဲဒီအမ်ိဳးသားအမည္မွာ Mohammad Furqan ျဖစ္ၿပီး၊ အသက္(၂၀) ျဖစ္ပါတယ္။

Furqan ရဲ႕ မိသားစုဝင္ေတြဟာ သူ႕ကို ကယ္ဆယ္ႏုိင္ဖုိ႔ ပထမဆုံးအေနနဲ႔ အဆုိပါ ပုဂၢလိကေဆး႐ုံထံကို ႐ူပီး(၇)သိန္း ေပးသြင္းခဲ့ပါတယ္။ ျမန္မာေငြက်ပ္အားျဖင့္ (၁၅၃)သုံး တန္ဖုိရွိပါတယ္။ အဲဒီေနာက္ ပိုက္ဆံထပ္ေတာင္းရာ Furqan ရဲ႕ မိသားစုေတြက သူတုိ႔မွာ ပုိက္ဆံမရွိေတာ့ေၾကာင္း-

ေျပာဆုိခဲ့ပါတယ္။ ပုဂၢိလိကေဆး႐ုံဟာ ခ်က္ခ်င္း ဆက္ဆံေရးေျပာင္းသြားခဲ့ၿပီး၊ သတိလစ္ေနတဲ့ Furqan ကုိ အသက္ကယ္ကိရိယာေတြ၊ ေဆးဘက္ဆုိင္ရာ အေထာက္အပံ့ေတြ ရပ္ဆုိင္းၿပီး၊ ” မင္းတုိ႔လူ ေသၿပီး ျပန္ေခၚသြားေတာ့ “ဆုိၿပီး ေျပာကာ ႏွင္လႊတ္ခဲ့ပါတယ္တဲ့။

ဒီလုိနဲ႔ Furqan ရဲ႕ ေဆြမ်ိဳးသားခ်င္းေတြဟာ သူ႕ကုိ ျပန္သယ္လာခဲ့ၿပီး၊ သတ္မွတ္ထားတဲ့ ရက္အထိ ေနအိမ္မွာထားရွိကာ၊ ေဆြမ်ိဳးစုံညီခ်ိန္မွာ အသုဘ က်င္းပေပးခဲ့ပါတယ္။ သူ႕အေလာင္းကို သယ္လာၿပီး တူးထားတဲ့ က်င္းထဲကုိ ျမႇုဳပ္ဖုိ႔ျပင္ခ်ိန္မွာ Furqan အစ္ကိုက ညီရဲ႕ေပါင္ လႈပ္သြားတာကို ျမင္လုိက္ရတာပါ။

ဒီလုိနဲ႔ ေဆြမ်ိဳးသားခ်င္းေတြဟာ Furqan ကုိ Ram Manohar Lohia ေဆး႐ုံဆီ အျမန္ပုိ႔ေပးခဲ့ပါတယ္။ သူတုိ႔အဲဒီကုိေရာက္ေတာ့ Furqan ကုိ ေဒါက္တာေတြက စမ္းသပ္စစ္ေဆးရာ၊ အသက္ရွိေသးေၾကာင္း၊ ကယ္လုိ႔ရေသးေၾကာင္း ေျပာၿပီး ေဆးကုသမႈေပးခဲ့ပါတယ္။

ဒီလုိနဲ႔ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕ဝင္ေတြ၊ လူ႕အခြင့္အေရးဖြဲ႕ေတြက Furqan ရဲ႕ မိသားစုဝင္ေတြထံ လာေရာက္ဆက္သြယ္ခဲ့ၿပီး၊ သူတုိ႔ ကုသခဲ့တဲ့ ပုဂၢလိကေဆး႐ုံအေၾကာင္း စစ္ေဆးေမးျမန္းမႈေတြ ရွိလာခဲ့ပါတယ္။ အဲဒီေဆး႐ုံနာမည္ကိုေတာ့ သတင္းမွာ မေဖာ္ျပေသးပါဘူး။ ဒါေပမယ့္ သက္ဆုိင္ရာက ထိေရာက္တဲ့ အေရးယူမႈေတြ ျပဳလုပ္မွာလုိ႔  World Of Buzz သတင္းအရ သိရပါတယ္။

ေနသူရိန္ (D Khit Nae Media)

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အိန္ဒိယနိုင်ငံ၊ Lucknow မြို့မှာ ယာဉ်မတော်တဆမှုကြောင့် ဆေးရုံတက်ရောက်နေရတဲ့ အမျိုးသားတစ်ယောက်ကို ဆေးရုံဆရာဝန်က သေပြီဆိုပြီး နေအိမ်ကို ပြန်သယ်ခိုင်းခဲ့ပါတယ်။ အဲဒီအမျိုးသားအမည်မှာ Mohammad Furqan ဖြစ်ပြီး၊ အသက်(၂၀) ဖြစ်ပါတယ်။

Furqan ရဲ့ မိသားစုဝင်တွေဟာ သူ့ကို ကယ်ဆယ်နိုင်ဖို့ ပထမဆုံးအနေနဲ့ အဆိုပါ ပုဂ္ဂလိကဆေးရုံထံကို ရူပီး(၇)သိန်း ပေးသွင်းခဲ့ပါတယ်။ မြန်မာငွေကျပ်အားဖြင့် (၁၅၃)သုံး တန်ဖိုရှိပါတယ်။ အဲဒီနောက် ပိုက်ဆံထပ်တောင်းရာ Furqan ရဲ့ မိသားစုတွေက သူတို့မှာ ပိုက်ဆံမရှိတော့ကြောင်း-

ပြောဆိုခဲ့ပါတယ်။ ပုဂ္ဂိလိကဆေးရုံဟာ ချက်ချင်း ဆက်ဆံရေးပြောင်းသွားခဲ့ပြီး၊ သတိလစ်နေတဲ့ Furqan ကို အသက်ကယ်ကိရိယာတွေ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ရပ်ဆိုင်းပြီး၊ ” မင်းတို့လူ သေပြီး ပြန်ခေါ်သွားတော့ “ဆိုပြီး ပြောကာ နှင်လွှတ်ခဲ့ပါတယ်တဲ့။

ဒီလိုနဲ့ Furqan ရဲ့ ဆွေမျိုးသားချင်းတွေဟာ သူ့ကို ပြန်သယ်လာခဲ့ပြီး၊ သတ်မှတ်ထားတဲ့ ရက်အထိ နေအိမ်မှာထားရှိကာ၊ ဆွေမျိုးစုံညီချိန်မှာ အသုဘ ကျင်းပပေးခဲ့ပါတယ်။ သူ့အလောင်းကို သယ်လာပြီး တူးထားတဲ့ ကျင်းထဲကို မြှုုပ်ဖို့ပြင်ချိန်မှာ Furqan အစ်ကိုက ညီရဲ့ပေါင် လှုပ်သွားတာကို မြင်လိုက်ရတာပါ။

ဒီလိုနဲ့ ဆွေမျိုးသားချင်းတွေဟာ Furqan ကို Ram Manohar Lohia ဆေးရုံဆီ အမြန်ပို့ပေးခဲ့ပါတယ်။ သူတို့အဲဒီကိုရောက်တော့ Furqan ကို ဒေါက်တာတွေက စမ်းသပ်စစ်ဆေးရာ၊ အသက်ရှိသေးကြောင်း၊ ကယ်လို့ရသေးကြောင်း ပြောပြီး ဆေးကုသမှုပေးခဲ့ပါတယ်။

ဒီလိုနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေ၊ လူ့အခွင့်အရေးဖွဲ့တွေက Furqan ရဲ့ မိသားစုဝင်တွေထံ လာရောက်ဆက်သွယ်ခဲ့ပြီး၊ သူတို့ ကုသခဲ့တဲ့ ပုဂ္ဂလိကဆေးရုံအကြောင်း စစ်ဆေးမေးမြန်းမှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီဆေးရုံနာမည်ကိုတော့ သတင်းမှာ မဖော်ပြသေးပါဘူး။ ဒါပေမယ့် သက်ဆိုင်ရာက ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်မှာလို့ World Of Buzz သတင်းအရ သိရပါတယ်။

နေသူရိန် (D Khit Nae Media)