မိခင္ျဖစ္သူ အရက္ေသာက္ၿပီး ကားေမာင္းလုိ႔ ရဲကုိဖုန္းဆက္တုိင္ခဲ့တဲ့ (၁၀)ႏွစ္သမီးေလး

အသက္(၁၀)ႏွစ္အရြယ္ ကေလးမေလးတစ္ေယာက္ဟာ မိခင္ျဖစ္သူ အရက္မူးၿပီး ကားေမာင္းတာကို သေဘာမက်လုိ႔ ရဲကုိ ဖုန္းဆက္တုိင္ၾကားခဲ့ေၾကာင္း Metro သတင္းမွာ ေဖာ္ျပထားပါတယ္။ ကေလးမေလးအမည္ကုိေတာ့ သတင္းမွာ ေဖာ္ျပထားျခင္းမရွိဘဲ သူမကုိ သူရဲေကာင္းဆုိၿပီး သတင္းေတြက ေဖာ္ျပေနပါတယ္။

တကယ္လည္း အရက္ေသာက္ၿပီး ကားေမာင္းျခင္းဟာ ဘယ္သူမဆုိ ဒုကၡေရာက္သြားေစႏုိင္ၿပီး၊ အခုလုိ ဘာမွမျဖစ္ခင္က ႀကိဳတင္ကာကြယ္ျခင္းက သူရဲေကာင္းျဖစ္ထုိက္တယ္လုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။ မိခင္ျဖစ္တဲ့ Stephanie Davis (၃၁)ႏွစ္ဟာ ၿပီးခဲ့တဲ့စေနေန႔က-

သမီးေလးနဲ႔ (၄)ႏွစ္အရြယ္ တူေလးကို Lion King ဇာတ္ကား လုိက္ျပခဲ့တာပါ။ သူမဟာ ဇာတ္ကားၿပီးခ်ိန္မွာ အေတာ္ေလးကို မူးေနၿပီျဖစ္ၿပီး၊ မ်က္လုံးေတြကလည္း ရီေဝေနသလုိ၊ စကားေတာင္ ေလလုံးမကြဲခ်င္ေတာ့ဘူးလုိ႔ သမီးေလးက ဆုိပါတယ္။ ကားေမာင္းတာလည္း ဗရမ္းဗတာျဖစ္ေနလုိ႔-

ရဲကုိ ဖုန္းဆက္ခဲ့တာပါ။ သူမက ” ဟုတ္တယ္ … ကၽြန္မ ဖုန္းဆက္ေခၚခဲ့တယ္ … ကၽြန္မက အဲလုိလူစားမ်ိဳးေလ … အေမက အဲဒီအခ်ိန္ သိပ္အဆင္မေျပဘူး … ကၽြန္မ သူမ မူးေနတာကို သိတယ္ … “လုိ႔ ေျပာခဲ့ပါတယ္။ မိခင္ Stephanie ကေတာ့ သမီးရဲ႕လုပ္ရပ္ကို အျပစ္မျမင္ေၾကာင္း-

သူမ မွားတာကုိ သတၱိရွိရွိဆုံးျဖတ္ၿပီး ရဲကုိေခၚတာဟာ ေကာင္းတဲ့လကၡဏာပါလုိ႔ ေျပာခဲ့ပါတယ္။ Stephanie ကုိ ရဲက လမ္းမွာပဲ ဖမ္းဆီးႏုိင္ခဲ့ၿပီး၊ မူး/ေမာင္းအမႈနဲ႔ အမႈဖြင့္စစ္ေဆးခဲ့ပါတယ္။ သူမအေနနဲ႔ ေထာင္ဒဏ္က်ခံရဖုိ႔ မရွိေပမယ့္၊ ဒဏ္ေငြနဲ႔ ကာလတုိ လုိင္စင္ပိတ္သိမ္းခံရဖုိ႔ ရွိေနပါတယ္။

ေနသူရိန္ D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၁၀)နှစ်အရွယ် ကလေးမလေးတစ်ယောက်ဟာ မိခင်ဖြစ်သူ အရက်မူးပြီး ကားမောင်းတာကို သဘောမကျလို့ ရဲကို ဖုန်းဆက်တိုင်ကြားခဲ့ကြောင်း Metro သတင်းမှာ ဖော်ပြထားပါတယ်။ ကလေးမလေးအမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိဘဲ သူမကို သူရဲကောင်းဆိုပြီး သတင်းတွေက ဖော်ပြနေပါတယ်။

တကယ်လည်း အရက်သောက်ပြီး ကားမောင်းခြင်းဟာ ဘယ်သူမဆို ဒုက္ခရောက်သွားစေနိုင်ပြီး၊ အခုလို ဘာမှမဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းက သူရဲကောင်းဖြစ်ထိုက်တယ်လို့တောင် ပြောလို့ရပါတယ်။ မိခင်ဖြစ်တဲ့ Stephanie Davis (၃၁)နှစ်ဟာ ပြီးခဲ့တဲ့စနေနေ့က-

သမီးလေးနဲ့ (၄)နှစ်အရွယ် တူလေးကို Lion King ဇာတ်ကား လိုက်ပြခဲ့တာပါ။ သူမဟာ ဇာတ်ကားပြီးချိန်မှာ အတော်လေးကို မူးနေပြီဖြစ်ပြီး၊ မျက်လုံးတွေကလည်း ရီဝေနေသလို၊ စကားတောင် လေလုံးမကွဲချင်တော့ဘူးလို့ သမီးလေးက ဆိုပါတယ်။ ကားမောင်းတာလည်း ဗရမ်းဗတာဖြစ်နေလို့-

ရဲကို ဖုန်းဆက်ခဲ့တာပါ။ သူမက ” ဟုတ်တယ် … ကျွန်မ ဖုန်းဆက်ခေါ်ခဲ့တယ် … ကျွန်မက အဲလိုလူစားမျိုးလေ … အမေက အဲဒီအချိန် သိပ်အဆင်မပြေဘူး … ကျွန်မ သူမ မူးနေတာကို သိတယ် … “လို့ ပြောခဲ့ပါတယ်။ မိခင် Stephanie ကတော့ သမီးရဲ့လုပ်ရပ်ကို အပြစ်မမြင်ကြောင်း-

သူမ မှားတာကို သတ္တိရှိရှိဆုံးဖြတ်ပြီး ရဲကိုခေါ်တာဟာ ကောင်းတဲ့လက္ခဏာပါလို့ ပြောခဲ့ပါတယ်။ Stephanie ကို ရဲက လမ်းမှာပဲ ဖမ်းဆီးနိုင်ခဲ့ပြီး၊ မူး/မောင်းအမှုနဲ့ အမှုဖွင့်စစ်ဆေးခဲ့ပါတယ်။ သူမအနေနဲ့ ထောင်ဒဏ်ကျခံရဖို့ မရှိပေမယ့်၊ ဒဏ်ငွေနဲ့ ကာလတို လိုင်စင်ပိတ်သိမ်းခံရဖို့ ရှိနေပါတယ်။

နေသူရိန်  D Nae Khit Media