အရယ္လြန္သြားလုိ႔ အံလြဲၿပီး ပါးစပ္ျပန္ပိတ္မရေတာ့တဲ့ ခရီးသည္အမိ်ဳးသမီးရဲ႕ဒုကၡ

တ႐ုတ္ႏုိင္ငံက ရထားစီးခရီးသည္ အမ်ိဳးသမီးတစ္ေယာက္ဟာ Guangzhou ၿမိဳ႕ကို ဦးတည္ခုတ္ေမာင္းတဲ့ ရထားေပၚမွာ စီးနင္းလုိက္ပါစဥ္၊ တစ္စုံတစ္ခုေသာ ရယ္စရာအေၾကာင္းေၾကာင့္ အားရပါးရ ရယ္ေမာလုိက္စဥ္မွာ၊ ပါးစပ္ျပန္ပိတ္မရေတာ့တဲ့ အေနအထားကုိ ႀကဳံခဲ့ရတယ္လုိ႔ ဆုိပါတယ္။

ဒီအေၾကာင္းကုိ DailyStar သတင္းစာက ေဖာ္ျပထားၿပီး၊ အဆုိပါ အမ်ိဳးသမီးခရီးသည္မွာ ပါးစပ္ျပန္ပိတ္မရလုိ႔ အေတာ္ေလး ဒုကၡေရာက္ခဲ့ရတယ္လုိ႔ သိရပါတယ္။ သူမဟာ ဘယ္လုိ ရယ္စရာေကာင္းတဲ့အျဖစ္ကို ႀကဳံခဲ့ရတယ္ဆုိတာေတာ့ သတင္းမွာ ေဖာ္ျပမထားပါဘူး။

ေဒသခံမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ သူမဟာ အားရပါးရ ရယ္ေမာလုိက္စဥ္မွာပဲ ေမး႐ုိးက အံလြဲသြားခဲ့ေၾကာင္း၊ ဒါေၾကာင့္ ခ်က္ခ်င္း ျပန္ပိတ္မရေတာ့တဲ့ အေနအထားကုိ ႀကဳံခဲ့ရတာျဖစ္ေၾကာင္း ဆုိပါတယ္။ မည္သူမဆုိ ဒီလုိျဖစ္ႏုိင္ၿပီး အသက္ႀကီးေလ ျဖစ္ႏုိင္ေခ်မ်ားေလလုိ႔ သိရပါတယ္။

ရထားဝန္ထမ္းေတြဟာ ခရီးသည္ေတြထဲမွာ ေဒါက္တာပါမပါ မုိက္ျဖင့္ေၾကညာခဲ့ရာ၊ ကံေကာင္းေထာက္မစြာ ဆရာဝန္တစ္ေယာက္ပါလာခဲ့ပါတယ္။ ေဒါက္တာ့အမည္ကေတာ့ Luo Wensheng ျဖစ္ၿပီး Guangzhou Medical University ရဲ႕ အစိတ္ပုိင္းတစ္ခုျဖစ္တဲ့ Liwan Hospital မွာ တာဝန္ထမ္းေဆာင္သူပါ။

သူဟာ အကူအညီေပးဖုိ႔ သေဘာတူခဲ့ပါတယ္။ ပထမေတာ့ အမ်ိဳးသမီးကို ေလျဖတ္သြားတာလုိ႔ ထင္ခဲ့ေပမယ့္ အဲဒီအခ်ိန္တုိင္းလိုက္တဲ့ ေသြးခုန္ႏႈန္းက ပုံမွန္သာျဖစ္လုိ႔ ေမး႐ုိးလြဲသြားတာလုိ႔ ေကာက္ခ်က္ခ်ခဲ့တာပါ။ ေဒါက္တာ ခက္ခက္ခဲခဲ ႀကိဳးပမ္းေပးခဲ့လုိ႔ ေမး႐ုိးေတြ ျပန္ၿပီးပုံမွန္ ျဖစ္သြားခဲ့ပါတယ္။

ေနသူရိန္

ယူနီကုဒ်ဖြင့်ဖတ်ရန်-

တရုတ်နိုင်ငံက ရထားစီးခရီးသည် အမျိုးသမီးတစ်ယောက်ဟာ Guangzhou မြို့ကို ဦးတည်ခုတ်မောင်းတဲ့ ရထားပေါ်မှာ စီးနင်းလိုက်ပါစဉ်၊ တစ်စုံတစ်ခုသော ရယ်စရာအကြောင်းကြောင့် အားရပါးရ ရယ်မောလိုက်စဉ်မှာ၊ ပါးစပ်ပြန်ပိတ်မရတော့တဲ့ အနေအထားကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို DailyStar သတင်းစာက ဖော်ပြထားပြီး၊ အဆိုပါ အမျိုးသမီးခရီးသည်မှာ ပါးစပ်ပြန်ပိတ်မရလို့ အတော်လေး ဒုက္ခရောက်ခဲ့ရတယ်လို့ သိရပါတယ်။ သူမဟာ ဘယ်လို ရယ်စရာကောင်းတဲ့အဖြစ်ကို ကြုံခဲ့ရတယ်ဆိုတာတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ သူမဟာ အားရပါးရ ရယ်မောလိုက်စဉ်မှာပဲ မေးရိုးက အံလွဲသွားခဲ့ကြောင်း၊ ဒါကြောင့် ချက်ချင်း ပြန်ပိတ်မရတော့တဲ့ အနေအထားကို ကြုံခဲ့ရတာဖြစ်ကြောင်း ဆိုပါတယ်။ မည်သူမဆို ဒီလိုဖြစ်နိုင်ပြီး အသက်ကြီးလေ ဖြစ်နိုင်ချေများလေလို့ သိရပါတယ်။

ရထားဝန်ထမ်းတွေဟာ ခရီးသည်တွေထဲမှာ ဒေါက်တာပါမပါ မိုက်ဖြင့်ကြေညာခဲ့ရာ၊ ကံကောင်းထောက်မစွာ ဆရာဝန်တစ်ယောက်ပါလာခဲ့ပါတယ်။ ဒေါက်တာ့အမည်ကတော့ Luo Wensheng ဖြစ်ပြီး Guangzhou Medical University ရဲ့ အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ Liwan Hospital မှာ တာဝန်ထမ်းဆောင်သူပါ။

သူဟာ အကူအညီပေးဖို့ သဘောတူခဲ့ပါတယ်။ ပထမတော့ အမျိုးသမီးကို လေဖြတ်သွားတာလို့ ထင်ခဲ့ပေမယ့် အဲဒီအချိန်တိုင်းလိုက်တဲ့ သွေးခုန်နှုန်းက ပုံမှန်သာဖြစ်လို့ မေးရိုးလွဲသွားတာလို့ ကောက်ချက်ချခဲ့တာပါ။ ဒေါက်တာ ခက်ခက်ခဲခဲ ကြိုးပမ်းပေးခဲ့လို့ မေးရိုးတွေ ပြန်ပြီးပုံမှန် ဖြစ်သွားခဲ့ပါတယ်။

နေသူရိန်