ျမန္မာၾကက္ေတာင္မယ္ သက္ထားသူဇာက ထိုင္းၾကက္ေတာင္သမားကို ၂ ပြဲျပတ္ အႏိုင္ရ

ျမန္မာႏိုင္ငံက ပထမဆုံးက်င္းပတဲ့ ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲ Myanmar International Series 2019 ကို စက္တင္ဘာလ ၁၂ ရက္က ဆက္လက္ယွဥ္ၿပိဳင္ကစားေနပါတယ္။

ဒီကေန႔မွာ ျမန္မာၾကက္ေတာင္မယ္ သက္ထားသူဇာက ၁၆ ေယာက္အဆင့္မွာ ထိုင္းၾကက္ ေတာင္မယ္ ဆာရာပြန္းကို ၂၁း၁၀ ၊ ၂၁း၁၄ မွတ္နဲ႔ ၂ ပြဲျပတ္အႏိုင္ရခဲ့ပါတယ္။

ကမာၻ႔အဆင့္ ၇၂ ရွိ သက္ထားသူဇာအေနနဲ႔ ကမာၻ႔အဆင့္ ၈၈၄ ရွိတဲ့ ၿပိဳင္ဘက္ ဆာရာပြန္းအေပၚ အသာစီးနဲ႔ ယွဥ္ၿပိဳင္ႏိုင္ခဲ့ၿပီး ၂ ပြဲျပတ္ အႏိုင္ရခဲ့လို႔ ကြာတားဖိုင္နယ္ တက္ေရာက္သြားပါတယ္။

၂ ပြဲျပတ္ႏိုင္ခဲ့တဲ့အေပၚမွာ ေက်နပ္မိၿပီး မနက္ျဖန္ပြဲမွာလည္း အေကာင္းဆုံး ယွဥ္ၿပိဳင္သြားမယ္လို႔ သက္ထားသူဇာက ပြဲအၿပီးမွာ ေျပာပါတယ္။

ကြာတားပြဲစဥ္ကို စက္တင္ဘာ ၁၃ မွာ ဆက္လက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ဒီေန႔ညေနမွာ ကစားမယ့္ အိႏၵိယၾကက္ေတာင္မယ္ ၂ ဦးထဲက အႏိုင္ရတဲ့သူနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

ၾကက္ေတာင္ၿပိဳင္ပြဲကို စက္တင္ဘာလ ၁၅ ရက္ထိ လမ္းမေတာ္ၿမိဳ႕နယ္ရွိ အမ်ိဳးသားၾကက္ေတာင္ကြင္းမွာ ဆက္လက္က်င္းပမွာျဖစ္ၿပီး ႏိုင္ငံ ၁၂ ႏိုင္ငံက ၾကက္ေတာင္ကစားသမားေပါင္း ၁၃၉ ဦး၊ ျမန္မာႏိုင္ငံက ကစားသမားေပါင္း ၁၃ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္ကစားေနပါတယ္။

[ ယခုသတင္းကို မိတ္ဖက္မီဒီယာ DVB TV News ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပျခင္း ျဖစ္ပါသည္။ ]

Unicode

မြန်မာနိုင်ငံက ပထမဆုံးကျင်းပတဲ့ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ Myanmar International Series 2019 ကို စက်တင်ဘာလ ၁၂ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားနေပါတယ်။

ဒီကနေ့မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ၁၆ ယောက်အဆင့်မှာ ထိုင်းကြက် တောင်မယ် ဆာရာပွန်းကို ၂၁း၁၀ ၊ ၂၁း၁၄ မှတ်နဲ့ ၂ ပွဲပြတ်အနိုင်ရခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၇၂ ရှိ သက်ထားသူဇာအနေနဲ့ ကမ္ဘာ့အဆင့် ၈၈၄ ရှိတဲ့ ပြိုင်ဘက် ဆာရာပွန်းအပေါ် အသာစီးနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၂ ပွဲပြတ် အနိုင်ရခဲ့လို့ ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။

၂ ပွဲပြတ်နိုင်ခဲ့တဲ့အပေါ်မှာ ကျေနပ်မိပြီး မနက်ဖြန်ပွဲမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ သက်ထားသူဇာက ပွဲအပြီးမှာ ပြောပါတယ်။

ကွာတားပွဲစဉ်ကို စက်တင်ဘာ ၁၃ မှာ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီနေ့ညနေမှာ ကစားမယ့် အိန္ဒိယကြက်တောင်မယ် ၂ ဦးထဲက အနိုင်ရတဲ့သူနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကြက်တောင်ပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်ထိ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်ကွင်းမှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး နိုင်ငံ ၁၂ နိုင်ငံက ကြက်တောင်ကစားသမားပေါင်း ၁၃၉ ဦး၊ မြန်မာနိုင်ငံက ကစားသမားပေါင်း ၁၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားနေပါတယ်။

[ ယခုသတင်းကို မိတ်ဖက်မီဒီယာ DVB TV News ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ]