ပါရာစီတေမာ အေသာက္မ်ားတဲ့ မိခင္ေၾကာင့္ ေမြးလာမယ့္ကေလးမွာ ဆုိးက်ိဳးေတြမ်ားႏုိင္

ျမန္မာေတြေတာ္ေတာ္မ်ားမ်ားဟာ ဆရာဝန္ေတြ ညႊန္ၾကားခ်က္မပါဘဲ ကိုယ့္ဘာသာေဆးဝယ္ေသာက္တဲ့ဓေလ့ကို အေတာ္ေလး လက္ကိုင္ထားေလ့ ရွိၾကပါတယ္။ ေနမေကာင္းတယ္၊ ကုိယ္လက္မအီမသာ ျဖစ္တယ္ဆုိရင္ ပါရာစီတေမာနဲ႔ ဘာမီတြန္ေသာက္ရင္ ေပ်ာက္တယ္လုိ႔ အယူရွိၾကပါတယ္။

တကယ္လည္း ေပ်ာက္သြားတာေတြ ရွိေပမယ့္၊ ပဋိဇီဝေဆးေတြဟာ ဆရာဝန္ညႊန္ၾကားခ်က္မပါဘဲ မေသာက္သင့္ပါဘူး။ တစ္ခါတေလမွာ ေဘးထြက္ဆုိးက်ိဳးက ထင္မွတ္မထားေအာင္ မ်ားလြန္းလုိ႔ပါ။ ပါရာစီတေမာ အေသာက္မ်ားတဲ့ ကေလးမိခင္ ေလာင္းလ်ာေတြဟာ ကေလးကိုေတာင္ ဆုိးက်ိဳးေတြ သက္ေရာက္ေစႏုိင္ပါသတဲ့။

DailyMail သတင္းစာမွာ ေဖာ္ျပခ်က္အရ ပါရာစီတေမာအသုံးမ်ားတဲ့ မိခင္ေၾကာင့္ ေမြးလာတဲ့ကေလးမွာ အမူအက်င့္ပုိင္းဆုိင္ရာေတြကိုေတာင္ ထိခိုက္ေစႏုိင္ၿပီး၊ ADHD လုိ႔ေခၚတဲ့ Attention deficit hyperactivity disorder အေျခအေနကိုေတာင္ ရေစႏုိင္တယ္လုိ႔ သိရါတယ္။

ADHD ဆုိတာ ဦးေနွာက္ဖြံ႔ၿဖိဳးမႈမညီမွ်ျခင္းနဲ႔ ဦးေႏွာက္တက္ၾကြမႈ ကြဲျပားျခင္းေတြေၾကာင့္ စိတ္အာ႐ုံစူးစုိက္မႈကို သက္ေရက္မႈေတြအမ်ားႀကီးျဖစ္ေစတဲ့ ေရာဂါတစ္မ်ိဳးလုိ႔ ဆုိရမွာပါ။ ဒီေတြ႕ရွိခ်က္ကို Bristol University မွ သုေတသနအဖြဲ႕က ေတြ႕ရွိခဲ့တာလုိ႔ သိရပါတယ္။

ကေလးကို Hyperactive လုိ႔ေခၚတဲ့ တက္ၾကြမႈလြန္ကဲျခင္းကုိလည္း ျဖစ္ေစႏုိင္ၿပီး တစ္ျခား အကိုက္အခဲေပ်ာက္ေဆးေတြကလည္း ဒီဆုိးက်ိဳးကုိ ေပးစြမ္းႏုိင္ပါတယ္။ ေနာက္ၿပီး ကေလးသေႏၶသားဘဝမွာ ေကာင္းစြာဖြံ႔ၿဖိဳးျခင္းကို အေႏွာက္အယွက္ေပးၿပီး၊ ပန္းနာ၊ မ်ိဳးမေအာင္ျခင္းနဲ႔ ေအာ္တစ္ဇင္ကိုပါ ျဖစ္ေစႏုိင္ပါတယ္။

ဒီသုေတသနအတြက္ Bristol University မွ သုေတသနပညာရွင္ေတြဟာ အသက္(၆)လမွ (၁၁)ႏွစ္အတြင္း ကေလးငယ္ေတြကုိ အထူးေလ့လာခဲ့တာျဖစ္ၿပီး ကုိယ္ဝန္ေဆာင္စဥ္မွာ မိခင္ေတြေသာက္တဲ့ေဆးက အထူးသျဖင့္ အကိုက္အခဲေပ်ာက္ေဆးက ကေလးေတြကို ဘယ္ေလာက္သက္ေရာက္သလဲဆုိတာ သိေစဖုိ႔ပါ။

ကေလးေတြမွာ မိခင္ေသာက္လုိက္တဲ့ အကုိက္အခဲေပ်ာက္ေဆးေၾကာင့္ IQ ပိုင္း၊ အမူအယာပုိင္းသက္ေရာက္မႈေတြ ရွိပါတယ္။ ဒါဟာ မိခင္ေတြအေနနဲ႔ ကိုယ္ဝန္သက္တမ္း (၁၈)ပတ္နဲ႔ (၃၂)ပတ္အတြင္းမွာ ေသာက္သုံးခဲ့တဲ့ အကုိက္အခဲေပ်ာက္ေဆးေတြေၾကာင့္လုိ႔လည္း ဆုိပါတယ္။

Paediatric and Perinatal Epidemiology ရဲ႕အဆုိအရ ေယာက္်ားေလးေတြက မိန္းကေလးေတြထက္ ပုိၿပီးေတာ့ သက္ေရာက္မႈေတြ ျဖစ္ေစတယ္လုိ႔ သိရပါတယ္။ ဒီအခ်က္ေတြကို ေထာက္ဆျခင္းအားျဖင့္ ကိုယ္ဝန္သည္မိခင္မ်ားအဖုိ႔ အကုိက္အခဲေပ်ာက္ေဆးေတြကို မိမိသေဘာနဲ႔ မေသာက္သုံးသင့္ပါေၾကာင္း သိေစခ်င္ပါတယ္။

လင္းေဇာ္ကို

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မြန်မာတွေတော်တော်များများဟာ ဆရာဝန်တွေ ညွှန်ကြားချက်မပါဘဲ ကိုယ့်ဘာသာဆေးဝယ်သောက်တဲ့ဓလေ့ကို အတော်လေး လက်ကိုင်ထားလေ့ ရှိကြပါတယ်။ နေမကောင်းတယ်၊ ကိုယ်လက်မအီမသာ ဖြစ်တယ်ဆိုရင် ပါရာစီတမောနဲ့ ဘာမီတွန်သောက်ရင် ပျောက်တယ်လို့ အယူရှိကြပါတယ်။

တကယ်လည်း ပျောက်သွားတာတွေ ရှိပေမယ့်၊ ပဋိဇီဝဆေးတွေဟာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သင့်ပါဘူး။ တစ်ခါတလေမှာ ဘေးထွက်ဆိုးကျိုးက ထင်မှတ်မထားအောင် များလွန်းလို့ပါ။ ပါရာစီတမော အသောက်များတဲ့ ကလေးမိခင် လောင်းလျာတွေဟာ ကလေးကိုတောင် ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါသတဲ့။

DailyMail သတင်းစာမှာ ဖော်ပြချက်အရ ပါရာစီတမောအသုံးများတဲ့ မိခင်ကြောင့် မွေးလာတဲ့ကလေးမှာ အမူအကျင့်ပိုင်းဆိုင်ရာတွေကိုတောင် ထိခိုက်စေနိုင်ပြီး၊ ADHD လို့ခေါ်တဲ့ Attention deficit hyperactivity disorder အခြေအနေကိုတောင် ရစေနိုင်တယ်လို့ သိရါတယ်။

ADHD ဆိုတာ ဦးနှောက်ဖွံ့ဖြိုးမှုမညီမျှခြင်းနဲ့ ဦးနှောက်တက်ကြွမှု ကွဲပြားခြင်းတွေကြောင့် စိတ်အာရုံစူးစိုက်မှုကို သက်ရေက်မှုတွေအများကြီးဖြစ်စေတဲ့ ရောဂါတစ်မျိုးလို့ ဆိုရမှာပါ။ ဒီတွေ့ရှိချက်ကို Bristol University မှ သုတေသနအဖွဲ့က တွေ့ရှိခဲ့တာလို့ သိရပါတယ်။

ကလေးကို Hyperactive လို့ခေါ်တဲ့ တက်ကြွမှုလွန်ကဲခြင်းကိုလည်း ဖြစ်စေနိုင်ပြီး တစ်ခြား အကိုက်အခဲပျောက်ဆေးတွေကလည်း ဒီဆိုးကျိုးကို ပေးစွမ်းနိုင်ပါတယ်။ နောက်ပြီး ကလေးသန္ဓေသားဘဝမှာ ကောင်းစွာဖွံ့ဖြိုးခြင်းကို အနှောက်အယှက်ပေးပြီး၊ ပန်းနာ၊ မျိုးမအောင်ခြင်းနဲ့ အော်တစ်ဇင်ကိုပါ ဖြစ်စေနိုင်ပါတယ်။

ဒီသုတေသနအတွက် Bristol University မှ သုတေသနပညာရှင်တွေဟာ အသက်(၆)လမှ (၁၁)နှစ်အတွင်း ကလေးငယ်တွေကို အထူးလေ့လာခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်တွေသောက်တဲ့ဆေးက အထူးသဖြင့် အကိုက်အခဲပျောက်ဆေးက ကလေးတွေကို ဘယ်လောက်သက်ရောက်သလဲဆိုတာ သိစေဖို့ပါ။

ကလေးတွေမှာ မိခင်သောက်လိုက်တဲ့ အကိုက်အခဲပျောက်ဆေးကြောင့် IQ ပိုင်း၊ အမူအယာပိုင်းသက်ရောက်မှုတွေ ရှိပါတယ်။ ဒါဟာ မိခင်တွေအနေနဲ့ ကိုယ်ဝန်သက်တမ်း (၁၈)ပတ်နဲ့ (၃၂)ပတ်အတွင်းမှာ သောက်သုံးခဲ့တဲ့ အကိုက်အခဲပျောက်ဆေးတွေကြောင့်လို့လည်း ဆိုပါတယ်။

Paediatric and Perinatal Epidemiology ရဲ့အဆိုအရ ယောက်ျားလေးတွေက မိန်းကလေးတွေထက် ပိုပြီးတော့ သက်ရောက်မှုတွေ ဖြစ်စေတယ်လို့ သိရပါတယ်။ ဒီအချက်တွေကို ထောက်ဆခြင်းအားဖြင့် ကိုယ်ဝန်သည်မိခင်များအဖို့ အကိုက်အခဲပျောက်ဆေးတွေကို မိမိသဘောနဲ့ မသောက်သုံးသင့်ပါကြောင်း သိစေချင်ပါတယ်။

လင်းဇော်ကို