International News Archive

မိခင်ဖြစ်သူ အရက်သောက်ပြီး ကားမောင်းလို့ ရဲကိုဖုန်းဆက်တိုင်ခဲ့တဲ့ (၁၀)နှစ်သမီးလေး

အသက်(၁၀)နှစ်အရွယ် ကလေးမလေးတစ်ယောက်ဟာ မိခင်ဖြစ်သူ အရက်မူးပြီး ကားမောင်းတာကို သဘောမကျလို့ ရဲကို ဖုန်းဆက်တိုင်ကြားခဲ့ကြောင်း Metro သတင်းမှာ ဖော်ပြထားပါတယ်။ ကလေးမလေးအမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိဘဲ သူမကို သူရဲကောင်းဆိုပြီး သတင်းတွေက ဖော်ပြနေပါတယ်။ တကယ်လည်း အရက်သောက်ပြီး ကားမောင်းခြင်းဟာ ဘယ်သူမဆို ဒုက္ခရောက်သွားစေနိုင်ပြီး၊ အခုလို ဘာမှမဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းက သူရဲကောင်းဖြစ်ထိုက်တယ်လို့တောင် ပြောလို့ရပါတယ်။ မိခင်ဖြစ်တဲ့ Stephanie Davis (၃၁)နှစ်ဟာ ပြီးခဲ့တဲ့စနေနေ့က- သမီးလေးနဲ့ (၄)နှစ်အရွယ် တူလေးကို Lion

မြန်မာများအား မလေးရှားပို့သည့် လူကုန်ကူးဂိုဏ်းခေါင်းဆောင်ကို ထိုင်းရဲဖမ်းဆီး

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ မြန်မာနိုင်ငံသားတွေကို မလေးရှားသို့ပို့ဆောင်နေတဲ့ လူကုန်ကူးဂိုဏ်း ခေါင်းဆောင်ကို ဖမ်းဆီးရမိပြီလို့ ထိုင်းနိုင်ငံရာဇဝတ်မှု နှိမ်နင်းရေးနဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လလယ်က ရနောင်းဘက်ကနေ လှေနဲ့ကူးလာပြီး ချွန်းဖွန်းခရိုင် ဖတိုမြို့နယ် ပတ်ဆုန်းအုပ်စုထဲမှာ မလေးရှားဘက်ဆက်သွားဖို့ လာရောက်စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ကို ခေါ်ဆောင်လာတဲ့ လူ ၃ ဦးကိုလည်း လူကုန်ကူးမှုနဲ့ ဖမ်းဆီးရမိခဲ့ပြီး အဖွဲ့ဝင် နောက်တဦးက

ဆရာဝန်တွေက သေပြီသတ်မှတ်ခဲ့ပေမယ့် သုဿန်အရောက်မှာ ပြန်လည်နိုးထလာခဲ့သူ

အိန္ဒိယနိုင်ငံ၊ Lucknow မြို့မှာ ယာဉ်မတော်တဆမှုကြောင့် ဆေးရုံတက်ရောက်နေရတဲ့ အမျိုးသားတစ်ယောက်ကို ဆေးရုံဆရာဝန်က သေပြီဆိုပြီး နေအိမ်ကို ပြန်သယ်ခိုင်းခဲ့ပါတယ်။ အဲဒီအမျိုးသားအမည်မှာ Mohammad Furqan ဖြစ်ပြီး၊ အသက်(၂၀) ဖြစ်ပါတယ်။ Furqan ရဲ့ မိသားစုဝင်တွေဟာ သူ့ကို ကယ်ဆယ်နိုင်ဖို့ ပထမဆုံးအနေနဲ့ အဆိုပါ ပုဂ္ဂလိကဆေးရုံထံကို ရူပီး(၇)သိန်း ပေးသွင်းခဲ့ပါတယ်။ မြန်မာငွေကျပ်အားဖြင့် (၁၅၃)သုံး တန်ဖိုရှိပါတယ်။ အဲဒီနောက် ပိုက်ဆံထပ်တောင်းရာ Furqan ရဲ့ မိသားစုတွေက သူတို့မှာ ပိုက်ဆံမရှိတော့ကြောင်း- ပြောဆိုခဲ့ပါတယ်။

စာမခိုးချရန် ကတ်ထူစက္ကူပုံး စွပ်ပြီး စာမေးပွဲဖြေခိုင်းသည့် မက္ကဆီကိုကျောင်းဆရာ ဝေဖန်ခံရ

တက္ကသိုလ်ကျောင်းသားတွေကို ကတ်ထူပုံးတွေစွပ်ပြီး စာမေးပွဲဖြေခိုင်းတဲ့ မက္ကဆီကိုနိုင်ငံက ကျောင်းဆရာတဦးကို ကျောင်းသားမိဘတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ကျောင်းသားတွေ စာခိုးချတာကို တားဆီးဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုခဲ့တာ ဖြစ်ပြီး ဒါဟာ လူသားမဆန်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ယူဆနေပါတယ်။ မက္ကဆီကိုနိုင်ငံ တလက်ကာတာ ပြည်နယ်က ကောလိပ်စားမေးပွဲတခုမှာ လူးဝစ္စဂျူ ရက် တက်ဇစ်လို့ ခေါ်တဲ့ ကျောင်းဆရာက ဒီနည်းလမ်းကို အသုံးပြုခဲ့တာပါ။ ကတ်ထူပုံးစွပ်ပြီး စာမေးပွဲဖြေနေတဲ့ စာမေးပွဲခန်းကို တက်ဇစ်က စောင့်ကြည့်နေတဲ့ ပုံတွေ

အမေရိကန်-အာဆီယံ စစ်ရေးလေ့ကျင့်မှုနဲ့ မြန်မာ

အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ရေတပ်တွေ ပူးပေါင်းလုပ်ဆောင်တဲ့ ရေကြောင်းလေ့ကျင့်မှုကို ပထမဆုံးအကြိမ်အဖြစ် ထိုင်းပင်လယ်ကွေ့မှာ ကျင်းပနေပါတယ်။ အာစီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံက စစ်တပ်ခေါင်းဆောင်တချို့ကို လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေနဲ့ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားပေမဲ့ အခု ပူးတွဲလေ့ကျင့်မှုမှာ မြန်မာစစ်တပ် ပါဝင်နေတဲ့အပေါ် ဝေဖန်တာတွေလည်း ရှိနေပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။ ယခုသတင်းကို RFA Burmese တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ Unicode အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ရေတပ်တွေ ပူးပေါင်းလုပ်ဆောင်တဲ့

ထိုင်းဥပဒေအရ သေဒဏ်ကို ဘယ်လို ကျင့်သုံးသလဲ

ထိုင်းနိုင်ငံမှာ ဥပဒေကသတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်မှုကျူးလွန်သူတွေကို သေဒဏ်ချမှတ် လေ့ရှိပါတယ်။သေဒဏ်ချမှတ်ခံရတဲ့ အမြင့်ဆုံးပြစ်မှုတွေထဲမှာ ဘုရင်မင်းမြတ်အားလုပ်ကြံခြင်း သို့မဟုတ် လုပ်ကြံရန်ကြံစည်ခြင်း၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်၏ရန်သူနှင့်သွားရောက်ပူးပေါင်းမှု၊ နိုင်ငံတော်၏ လျှို့ဝှက်ချက်အားသူလျှိုလုပ်သူ၊ လူသတ်မှု၊ အကြမ်းဖက်မှု၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး ရာထူးအလွှဲသုံးစားပြုကာ ပြည်သူတို့အား နှိပ်စက်မှု၊ ဥစ္စာပစ္စည်းများအားသိမ်းယူမှု၊ အဆောက်အဦ များအား မီးရှို့မှု၊ သူတပါးအား အသက်ဆုံးရှုံးမှုဖြစ်စေသည့် မုဒိမ်းကျင့်မှု၊ အသက် ၁၅ နှစ်မပြည့် သေးသည့် ကလေးများအား ပြန်ပေးဆွဲမှု၊ သူတပါးအားအသက်ဆုံးရှုံးမှုဖြစ်စေသည့် လုယက်မှု၊ မူးယစ်ဆေးဝါးများ အားရောင်းချရန်အတွက် ထုတ်လုပ်ခြင်း၊

အသက်(၇၄)နှစ်အရွယ်မှာ အမြွှာမွေးနိုင်ခဲ့တဲ့ ကမ္ဘာ့အသက်ကြီးဆုံး ကလေးမိခင်

လက်ရှိအချိန်မှာ အသက်(၇၄)နှစ်ကို ရောက်နေပြီဖြစ်တဲ့ Erramatti Mangayamma အမည်ရအဖွားအိုဟာ IVF နည်းပညာနဲ့ သမီးမိန်းကလေးအမြွှာနှစ်ယောက်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ သူမရဲ့ ခင်ပွန်းအမည်ကတော့ Raja Rao ဖြစ်ပြီး (၇၈)နှစ်ပါ။ Erramatti ဟာ ကလေးမွေးဖွားမှုသမိုင်းမှာ အသက်ကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် IVF စနစ်နဲ့ ကလေးမွေးခဲ့တာဖြစ်တာမို့ ခြွင်းချက်ထဲမှာ ဝင်ကောင်းဝင်သွားနိုင်ပါတယ်။ Erramatti ဟာ အန်ဒဟာရာပရာဒက်ရှ်ပြည်နယ် သူတစ်ဦးဖြစ်တယ်လို့ Mirror က ဖော်ပြထားပါတယ်။ Erramatti

ဇင်ဘာဘွေရဲ့ သက်တော်ရှည်အာဏာရှင်ဟောင်း၊ မူဂါဘီ အသက်(၉၅)နှစ်မှာ ကွယ်လွန်

ဇင်ဘာဘွေနိုင်ငံကို ဝန်ကြီးချုပ်ရာထူးဖြင့် (၇)နှစ်ကြာ၊ သမ္မတရာထူးဖြင့် အနှစ်(၃၀)ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း ရောဘတ်မူဂါဘီဟာ အသက်(၉၅)နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူဟာ စင်္ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့တာလို့ Mirror သတင်းဌာနက ဖော်ပြပါတယ်။ မူဂါဘီကွယ်လွန်ကြောင်းကို လက်ရှိသမ္မတ အီမာဆင်မနန်ဂါဂွါက က သူရဲ့တွစ်တာပေါ်ကနေ အတည်ပြုခဲ့တာပါ။ မူဂါဘီသေဆုံးကြောင်း သိရတော့ ဇင်ဘာဘွေရဲ့မြို့တော် ဟာရာရီနဲ့ အခြားမြို့ကြီးတွေမှာ ပြည်သူတွေ အောင်ပွဲခံ ကခုန်ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေလည်း တက်လာခဲ့ပါတယ်။ မူဂါဘီဟာ သမ္မတအဖြစ်က ဖယ်ရှားခံရပြီးနောက်၊

ခွဲစိတ်ဖယ်ထုတ်ထားတဲ့ “ယောနိ”ကို အသုံးပြုပြီး၊ ဟာသလုပ်ခဲ့တဲ့ သူနာပြု ဝေဖန်မှုခံနေရ

အသည်းအသန်နေမကောင်းဖြစ်နေတဲ့ အမျိုးသမီးလူနာကို လိုအပ်ချက်အရ ယောနိဖယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဖယ်ထုတ်ထားတဲ့ယောနိကို အမျိုးသားသူနာပြုတစ်ယောက်က သူတို့လုပ်ဖော်ကိုင်ဘက်အချင်းချင်း ဟာသလုပ်တဲ့သဘောနဲ့ အသုံးချခဲ့တယ်လို့ UniLad သတင်းစာက ဆိုပါတယ်။ အဲဒီသူနာပြု  William Kennedy ဟာ ယောနိကို လူတစ်ယောက်ရဲ့ပါးစပ်က စကားပြောတဲ့ပုံစံမျိုးနဲ့ ဟာသလုပ်ခဲ့တာဖြစ်ပြီး ” ဟယ်လို ကျွန်မကတော့ လူနာ(A)ပါ … အားလုံး အဆင်ပြေကြလား “ဆိုပြီး နောက်ပြောင်ခဲ့တာပါ။ William ဟာ အသက်(၅၈)နှစ်ပါ။ သူဟာ ဝေးလ်နိုင်ငံတောင်ပိုင်း၊ Blackwood မှာဖွင့်လှစ်ထားတု့