Knowledge Archive

ပါရာစီတမော အသောက်များတဲ့ မိခင်ကြောင့် မွေးလာမယ့်ကလေးမှာ ဆိုးကျိုးတွေများနိုင်

မြန်မာတွေတော်တော်များများဟာ ဆရာဝန်တွေ ညွှန်ကြားချက်မပါဘဲ ကိုယ့်ဘာသာဆေးဝယ်သောက်တဲ့ဓလေ့ကို အတော်လေး လက်ကိုင်ထားလေ့ ရှိကြပါတယ်။ နေမကောင်းတယ်၊ ကိုယ်လက်မအီမသာ ဖြစ်တယ်ဆိုရင် ပါရာစီတမောနဲ့ ဘာမီတွန်သောက်ရင် ပျောက်တယ်လို့ အယူရှိကြပါတယ်။ တကယ်လည်း ပျောက်သွားတာတွေ ရှိပေမယ့်၊ ပဋိဇီဝဆေးတွေဟာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သင့်ပါဘူး။ တစ်ခါတလေမှာ ဘေးထွက်ဆိုးကျိုးက ထင်မှတ်မထားအောင် များလွန်းလို့ပါ။ ပါရာစီတမော အသောက်များတဲ့ ကလေးမိခင် လောင်းလျာတွေဟာ ကလေးကိုတောင် ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါသတဲ့။ DailyMail သတင်းစာမှာ ဖော်ပြချက်အရ ပါရာစီတမောအသုံးများတဲ့ မိခင်ကြောင့် မွေးလာတဲ့ကလေးမှာ

ထိုင်းဥပဒေအရ သေဒဏ်ကို ဘယ်လို ကျင့်သုံးသလဲ

ထိုင်းနိုင်ငံမှာ ဥပဒေကသတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်မှုကျူးလွန်သူတွေကို သေဒဏ်ချမှတ် လေ့ရှိပါတယ်။သေဒဏ်ချမှတ်ခံရတဲ့ အမြင့်ဆုံးပြစ်မှုတွေထဲမှာ ဘုရင်မင်းမြတ်အားလုပ်ကြံခြင်း သို့မဟုတ် လုပ်ကြံရန်ကြံစည်ခြင်း၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်၏ရန်သူနှင့်သွားရောက်ပူးပေါင်းမှု၊ နိုင်ငံတော်၏ လျှို့ဝှက်ချက်အားသူလျှိုလုပ်သူ၊ လူသတ်မှု၊ အကြမ်းဖက်မှု၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး ရာထူးအလွှဲသုံးစားပြုကာ ပြည်သူတို့အား နှိပ်စက်မှု၊ ဥစ္စာပစ္စည်းများအားသိမ်းယူမှု၊ အဆောက်အဦ များအား မီးရှို့မှု၊ သူတပါးအား အသက်ဆုံးရှုံးမှုဖြစ်စေသည့် မုဒိမ်းကျင့်မှု၊ အသက် ၁၅ နှစ်မပြည့် သေးသည့် ကလေးများအား ပြန်ပေးဆွဲမှု၊ သူတပါးအားအသက်ဆုံးရှုံးမှုဖြစ်စေသည့် လုယက်မှု၊ မူးယစ်ဆေးဝါးများ အားရောင်းချရန်အတွက် ထုတ်လုပ်ခြင်း၊

The Shard အဆောက်ဦထက် နှစ်ဆကြီးတဲ့ ဂြိုဟ်သိမ်တစ်လုံး ကမ္ဘာဆီ ဦးတည်လာနေ

လန်ဒန်က အမြင့်ပေ (၃၁၀)ရှိတဲ့ Shard အဆောက်ဦထက် နှစ်ဆကြီးတဲ့ဂြိုဟ်သိမ်ကြီးတစ်လုံး ကမ္ဘာအနီး မိုင်ပေါင်း (၅)မီလီယံကနေ တနာရီ မိုင်(၂၃၀၀၀)နှုန်းနဲ့ စက်တင်ဘာ (၁၄)ရက်နေ့မှာ ဖြတ်သန်းသွားဖို့ရှိပါတယ်။ နောက်ဆုံးဖြတ်သန်းသွားတာကတော့ (၂၀၀၀)နှစ်ကဖြစ်ပြီး နောက်ထက် (၂၀၁၃၈)ခုနှစ်မှာ ပြန်မြင်တွေ့နိုင်ပါတယ်။ ဒီဂြိုဟ်ကို နတ်ဆိုးနာမည် Apophis လို့ နာမည်ပေးထားပြီးတော့ ကမ္ဘာကိုရောက်လာရင် ဘယ်လို ကာကွယ်မလဲဆိုတာကို NASAကို မေးမြန်းနေကြပါတယ်။ နာဆာကလည်း ဒီကမ္ဘာကို တိုက်မိမှာကို စိုးရိမ်နေပါတယ်။ တွက်ကြည့်တော့ မိုင်(၁၉၀၀၀)ကနေ ဖြတ်သွားမှာလို့ Metro

လိုင်းကားမောင်းနေစဉ် ယာဉ်မောင်း (၆) ဦးထဲက (၁) ဦးက အိပ်ငိုက်လေ့ရှိတယ်လို့ လေ့လာတွေ့ရ

ကားစီးရမှာ ခပ်လန့်လန့်ပါပဲ။ ဘာကြောင့်လဲဆိုရင် လိုင်းကားမောင်းနေစဉ် ယာဉ်မောင်း (၆)ဦးထဲက (၁) ဦးဟာ အိပ်ငိုက်နေတာကြောင့်ပါပဲ။ မဲစနစ်နဲ့ စစ်တမ်းကောက် လေ့လာမှုအရ ယာဉ်မောင်း (၆)ဦးထဲက (၁) ဦးကတော့ အများပြည်သူသုံး လိုင်းကားမောင်းနေစဉ် အိပ်ငိုက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အချို့က ယာဉ်မောင်းတွေဟာ အလုပ် အလွန်လုပ်ရတာကြောင့် နဲ့ လူမှုဆက်ဆံရေး နည်းပါးသွားတာကြောင့် ဖြစ်မယ်လို့ ပြောကြပါတယ်။ယာဉ်မောင်း (၅)ဦးထဲမှာ (၁)ဦးကတော့ တစ်ပတ်မှာ အနည်းဆုံး(၂) ကြိမ် ဒါမှမဟုတ် (၃) ကြိမ်ခန့်